ယနေ့ မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင် မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက် သတိပေးဆိုင်းဘုတ်များ လိုက်လံစိုက်ထူထားကြောင်း သိရသည်။မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက် သတ်မှတ်ထားသော အမှိုက်ပုံ၊ အမှိုက်သိမ်းယာဉ်များတွင်သာ အမှိုက်စွန့်ပစ်ရန်နှင့် မလိုက်နာပါက ဒဏ်ငွေ တစ်သိန်း တပ်ရိုက်မည်ဖြစ်ကြောင်း သတိပေးထားသည်။ထို့ပြင် မြို့နယ်စည်ပင်အနေဖြင့် မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက် ခြုံနွယ်များကိုလည်း ရှင်းလင်းရန်လိုအပ်ကြောင်းနှင့် ပြည်သူများအတွက် ဆောင်ရွက်ပေးရန် လိုအပ်သည့်အရာများကိုလည်း စနစ်တကျ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်ထို့သို့ ဝေဖန်ပြောဆိုမှုများ ဖြစ်ပေါ်လာပြီးနောက် မြို့နယ်စည်ပင်သာယာအဖွဲ့က ကမ်းနားတစ်လျှောက် အမှိုက်များကို ရှင်းလင်းသိမ်းဆည်းပေးခဲ့သည်။



