အနောက်တိုင်းဆေးများ ရောနှောပါဝင်သည့် အမျိုးသားအားတိုးဆေး ၆ မျိုး မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေး

May 16 • 6:35 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အနောက်တိုင်းဆေးများ ရောနှောပါဝင်သည့် အမျိုးသားအားတိုးဆေး ၆ မျိုး မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေး

ဈေးကွက်အတွင်း ရောင်းချနေသည့် “တောင်ကြာပန်း” အပါအဝင် အမျိုးသားအားတိုးဆေး ခြောက်မျိုးတွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်...

ဈေးကွက်အတွင်း ရောင်းချနေသည့် “တောင်ကြာပန်း” အပါအဝင် အမျိုးသားအားတိုးဆေး ခြောက်မျိုးတွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူများ မသုံးစွဲသင့်ကြောင်းနှင့် ရောင်းချဖြန့်ဖြူးသူများကို အရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်သတိပေးသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနသည် တိုင်းရင်းဆေးဝါးများ၏ အရည်အသွေး၊ စစ်မှန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုတို့ကို စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိရာ ဈေးကွက်အတွင်း ရောင်းချနေသည့် အမျိုးသားအားတိုးဆေးအချို့ကို ဓာတ်ခွဲစစ်ဆေးခဲ့ကြောင်း သိရသည်။ 

news-view-count-icon

23