လူကူးမျဉ်းကြားများ ဆေးပြန်ခြယ်နေခြင်းကြောင့် လမ်းကူးသူများအတွက် ပညာပေးကာလ ရက်ထပ်တိုး

May 16 • 5:38 AM

breaking-news

မြန်မာ

ရန်ကုန်

cover

လူကူးမျဉ်းကြားများ ဆေးပြန်ခြယ်နေခြင်းကြောင့် လမ်းကူးသူများအတွက် ပညာပေးကာလ ရက်ထပ်တိုး

ရန်ကုန်မြို့တွင်း လမ်းကူးသူများအနေဖြင့် လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းများကို စနစ်တကျအသုံးပြုရန် တိုက်တွန်းသည့် ပညာပေးကာလကို ခုနစ်ရက် ထပ်မံတို...

ရန်ကုန်မြို့တွင်း လမ်းကူးသူများအနေဖြင့် လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းများကို စနစ်တကျအသုံးပြုရန် တိုက်တွန်းသည့် ပညာပေးကာလကို ခုနစ်ရက် ထပ်မံတိုးမြှင့်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှ သိရပါသည်။ မူလက မေလ ၁၃ ရက်အထိ သတ်မှတ်ထားသော်လည်း လူကူးမျဉ်းကြားများ ဆေးပြန်ခြယ်ရန်နှင့် ခုံးကျော်တံတားများ သန့်ရှင်းရေးလုပ်ရန် လိုအပ်ချက်များရှိနေခြင်းကြောင့် ယမန်နေ့ (မေလ ၁၄ ရက်) တွင် ရက်တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ပညာပေးကာလကျော်လွန်ပါက သတ်မှတ်ထားသည့်နေရာမှ မကူးဘဲ စည်းကမ်းဖောက်ဖျက်သူများကို ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ ကျပ် ၃၀,၀၀၀ ထက်မပိုသော ငွေဒဏ်ချမှတ်သွားမည် ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်အတွင်း လမ်းကူးသူများ၏ ပေါ့ဆမှုကြောင့် သေဆုံးသူ ၂၇ ဦးနှင့် ဒဏ်ရာရရှိသူ ၉၈ ဦးရှိခဲ့ကြောင်း သိရပါသည်။

news-view-count-icon

8