နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ထိန်ပင်ကျေးရွာမှာ အခုရက်ပိုင်း မိုးရွာသွန်းလာတာကြောင့် စားပြောင်းဖူးတွေ စတင် စိုက်ပျိုးနေကြပေမဲ့ အခက်အခဲတချို့ ရှိတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။အဲဒီကျေးရွာမှာ စားပြောင်းဖူး၊ အစေ့ထုတ်ပြောင်းဖူး၊ ဆလပ်ရွက်၊ မုန်ညင်း၊ ခရမ်းချဉ်သီး နဲ့ ငရုတ်သီး စတဲ့ သီးနှံ တွေကို အဓိက စိုက်ပျိုးတာ ဖြစ်ပါတယ်။ပြောင်းဖူးစိုက်ပျိုးရာမှာ လယ်တစ်ဧကကို စိုက်ပျိုးစရိတ် ကျပ်ဆယ်သိန်းလောက် ကုန်ကျပြီးတော့ ထွန်စက်ခ၊ ဒီဇယ်ဆီဈေး၊ ပြောင်းဖူးမျိုးစေ့၊ သွင်းအားစု ဓာတ်မြေဩဇာခ နဲ့ အလုပ်သမားခ တွေကလည်း အရင်ကထက် ဈေး မြင့်တက်လာတဲ့အတွက် အခက်အခဲရှိတယ်လို့ ပြောင်းဖူးစိုက်တောင်သူ ဦးမျိုးစန်းဦးက ပြောပါတယ်။ အခု မေလမှာ စတင်စိုက်ပျိုးတဲ့ စားပြောင်းဖူးတွေကို ရက်ပေါင်း ၇၀ ပြည့်ပါက စတင်ခူးယူပြီးတော့ နေပြည်တော်၊ ပျဉ်းမနားမြို့ အာဟာရသုခဈေးမှာ ရောင်းချတာ ဖြစ်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ နှစ်က ပြောင်းဖူးတစ်ဖူးကို လေးရာကျပ်ဈေးနဲ့ ရောင်းရပြီး အခုနှစ်မှာတော့ ဈေးကောင်းရဖို့ မျှော် လင့် တယ်လို့လည်း ထိန်ပင်ကျေးရွာက ပြောင်းဖူးစိုက်တောင်သူတွေက ပြောပါတယ်။
နေပြည်တော်၊ထိန်ပင်ရွာရှိ ပြောင်းဖူးစိုက်တောင်သူများ အခက်အခဲအချို့ရှိနေ
May 14 • 4:18 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 15 | 0 | 0 | 0 |


