မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြန်မာ့ပထမဆုံးသော အမျိုးသမီးဘောလုံးအကယ်ဒမီ (Women's Academy) အတွက် ရန်ကုန်ဇုန် လက်တွေ့စွမ်းရည်စစ်ဆေးမှုများကို မေလ (၁၁) ရက်တွင် အောင်မြင်စွာ ရွေးချယ်ပြီးစီးခဲ့ပြီ ဖြစ်သည်။လူရွေးချယ်မှု အဆင့်ဆင့်မှာရန်ကုန်ဇုန်တွင်ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ ဘားအံနှင့် ပုသိမ်မြို့တို့မှ တက်သစ်စ အမျိုးသမီးကစားသမားများကို မေလ (၁၀) ရက်နှင့် (၁၁) ရက်တို့တွင် အခြေခံဘောလုံးစွမ်းရည်နှင့် ကျန်းမာရေးကြံ့ခိုင်မှုများကို အသေးစိတ် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။မန္တလေးဇုန်တွင်မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနှင့် ကလောမြို့များရှိ ကစားသမားများအတွက် လူရွေးချယ်ပွဲကို လာမည့် မေလ (၁၇) ရက်မှ (၁၉) ရက်အထိ မန္တလေးမြို့၌ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။
မြန်မာ့ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီအတွက် ရန်ကုန်ဇုန်လူရွေးချယ်ပွဲ ပြီးစီး၊ မေလကုန်တွင် အပြီးသတ်လူစာရင်း ထုတ်ပြန်မည်
May 12 • 6:04 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 14 | 0 | 0 | 0 |


