ပြီးခဲ့တဲ့ ဧပြီလအတွင်းက ပြည်ပကို မြန်မာ့ဆန်နဲ့ဆန်ကွဲ တန်ချိန် ၁၆၉,၅၅၉ တန် တင်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)က သိရပါတယ်။ဆန်နဲ့ဆန်ကွဲ ပို့ကုန်ကုမ္ပဏီ ၄၄ ခုကနေ ဆန်တန်ချိန် ၈၁,၁၄၂ တန်နဲ့ ဆန်ကွဲတန်ချိန် ၈၈,၄၁၇ တန်ကို ပင်လယ် ရေကြောင်းတစ်ခုထဲကနေ တင်ပို့ခဲ့တာပါ။ဧပြီလတုန်းက ဆန်နဲ့ဆန်ကွဲတင်ပို့ခဲ့ရာမှာ ဆန်ကွဲက ၅၂ ရာခိုင်နှုန်းနဲ့ အများဆုံး တင်ပို့နိုင်ခဲ့ပြီး ဆန်ကြမ်းအုပ်စု ဝင် ၁၀ မှတ် - ၅ မှတ်ဆန်က ၂၁ ရာခိုင်နှုန်း၊ ၂၅ မှတ်ဆန်က ၂၂ ရာခိုင်နှုန်း တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။ပြည်ပကို ဆန်တင်ပို့ရာမှာ မဒါဂတ်စကား၊ ဖိလစ်ပိုင်၊ တရုတ်၊ ပိုလန်နဲ့ စပိန်နိုင်ငံတို့ကို ဆန်တန်ချိန် အများဆုံး တင်ပို့ခဲ့ပြီး စုစုပေါင်း နိုင်ငံ ၃၀ ကို တင်ပို့ခဲ့ပါတယ်။ အလားတူ ဆန်ကွဲကိုလည်း တရုတ်၊ ဘယ်လ်ဂျီယံ၊ နယ်သာ လန်၊ ပိုလန်၊ စပိန်၊ အီတလီ နဲ့ ယူကေနိုင်ငံတို့ကို အများဆုံးတင်ပို့ခဲ့ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။


