ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai" ကို မကြာမီ ဖြန့်ချိတော့မည်ဖြစ်ကြောင်း မိတ်ဆက်လိုက်သည်။ထူးခြားသည့် ပူးပေါင်းမှုနှင့် ဗီဒီယိုရို-က်ကူးမှု အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်သော ရှာကီရာသည် ယခုသီချင်းသစ်တွင် နာမည်ကြီး နိုင်ဂျီးရီးယားအဆိုတော် Burna Boy နှင့် တွဲဖက်သီဆိုထားခြင်းဖြစ်သည်။ သူမသည် အဆိုပါသီချင်းအတွက် ဘရာဇီးလ်နိုင်ငံ၏ သမိုင်းဝင် မာရာကာနာ (Maracanā) အားကစားကွင်းတွင် ရို-က်ကူးထားသည့် ဗီဒီယိုအမြည်း (Teaser) တစ်ခုကို Instagram လူမှုကွန်ရက်စာမျက်နှာပေါ်တွင်တင်ကာ ပရိသတ်များကို အသိပေးခဲ့ခြင်းဖြစ်သည်။ဖြန့်ချိမည့်ရက် ဘောလုံးပရိသတ်များနှင့် တေးချစ်သူများ စောင့်မျှော်နေသည့် ဤ “Dai Dai" သီချင်းကို လာမည့် မေလ ၁၄ ရက်နေ့တွင် တစ်ကမ္ဘာလုံးသို့ တရားဝင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’ ကို ကမ္ဘာကျော်အဆိုတော် ရှာကီရာ မိတ်ဆက်
May 10 • 4:42 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


