မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဘောလုံးအကယ်ဒမီအား မန္တလေးမြို့၌ဖွင့်လှစ်မည်ဖြစ်၍ ရန်ကုန်ဇုန်အတွက် အပြီးသတ်လူရွေးချယ်ပွဲ ပထမနေ့ကို မေ ၉ ရက်နေ့လည်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၌ပြုလုပ်ခဲ့သည်။ယနေ့တွင် ရန်ကုန်ဇုန်ရှိ မြို့နယ်များမှတက်ရောက်လာသည့် ကစားသမားများအား တာဝန်ရှိသူများက စာရွက် စာတမ်းများစနစ်တကျ ရှိ/မရှိစိစစ်ခြင်း၊ ကစားသမားများ၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက် Medical Check-up (ဆေးစစ်မှု)များကိုပြုလုပ်ခဲ့ကြသည်။ထို့ပြင် မနက်ဖြန် မေ ၁၀ ရက်နှင့် မေ ၁၁ ရက်တို့တွင်လည်း နံနက် ၆ နာရီခွဲမှစတင်၍ ကွင်းအတွင်း လက်တွေ့အရည်အချင်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ် သည်။ရန်ကုန်ဇုန်၌ အပြီးသတ်ရွေးချယ်ပြီးပါက မန္တလေးဇုန် (မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ကလော)အတွက် အပြီးသတ်လူရွေးချယ်ပွဲကိုလည်း မန္တလေးမြို့၌ မေ ၁၇ ရက်မှ မေ ၁၉ ရက်အထိဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ ရွေးချယ်ခံရသူများ၏အမည်စာရင်းကို မေ ၂၂ ရက်တွင် MFF ၏လူမှုကွန်ယက်စာမျက်နှာ၌ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဘောလုံးအကယ်ဒမီအတွက် ရန်ကုန်ဇုန်အပြီးသတ်လူရွေးချယ်ပွဲ ပထမနေ့
May 10 • 4:33 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 13 | 0 | 0 | 0 |


