ဟင်္သာတတွင် လေဆင်နှာမောင်းသဖွယ် မိုးသက်လေပြင်းတိုက်ခတ်၊ စေတီထီးတော်တိမ်းစောင်းပြီး နေအိမ် (၅၀) ကျော် ပျက်စီး

May 09 • 2:24 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဟင်္သာတတွင် လေဆင်နှာမောင်းသဖွယ် မိုးသက်လေပြင်းတိုက်ခတ်၊ စေတီထီးတော်တိမ်းစောင်းပြီး နေအိမ် (၅၀) ကျော် ပျက်စီး

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ မေလ (၈) ရက်နေ့ ညပိုင်းက ရုတ်တရက် မိုးသက်လေပြင်း အပြင်းအထန် တိုက်ခတ်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ သာသနိကအဆောက်အအုံတွေ အမ...

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ မေလ (၈) ရက်နေ့ ညပိုင်းက ရုတ်တရက် မိုးသက်လေပြင်း အပြင်းအထန် တိုက်ခတ်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ သာသနိကအဆောက်အအုံတွေ အများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။မေ ၈ ရက် ည ၉ နာရီဝန်းကျင်ခန့်တွင် လေဆင်နှာမောင်းပုံစံမျိုး လေပြင်းများ ရုတ်တရက် တိုက်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။ငါးဖား၊ သဲဖြူ၊ နဲ့ ရေကျော် ကျေးရွာတွေက လူနေအိမ် စုစုပေါင်း (၅၂) လုံး အမိုးလန် ပြိုကျပျက်စီးခဲ့ပြီး၊ ငါးဖားကျေးရွာ အ.မ.က စာသင်ကျောင်း တစ်ကျောင်းလည်း အမိုးလန် ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ဉာဏ်တော် ၃၂ ပေရှိ ဇိနမာန်အောင်စေတီတော်ရဲ့ ထီးတော်လည်း တိမ်းစောင်းသွားခဲ့ပါတယ်။ကံကောင်းထောက်မစွာဖြင့် လူသူထိခိုက်သေဆုံးမှု လုံးဝမရှိခဲ့ပါဘူး။ သို့သော်လည်း အိမ်ထောင်စု (၅၂) စုအနေနဲ့ နေအိမ်ပြန်လည်တည်ဆောက်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။




news-view-count-icon

11