နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) စီမံချက်အရ တောင်သူများ၏ လယ်ယာကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်ကာ စိုက်ပျိုးစရိတ်ချေးငွေများကို နှုန်းထားသစ်များဖြင့် တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ်ရာ စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါအတွက် တစ်ဧကလျှင် ငွေကျပ် ၃ သိန်း၊ အခြားသီးနှံ (၁၈) မျိုးအတွက် ၂ သိန်း ၅ သောင်းနှင့် ပန်းနှမ်း၊ ဆီအုန်း၊ ဂုန်လျှော်တို့အတွက် ၁ သိန်း ၅ သောင်းကျပ်သို့ အသီးသီးတိုးမြှင့်သတ်မှတ်လိုက်ပြီး မိုးချေးငွေများကို မေလမှ စက်တင်ဘာလအထိလည်းကောင်း၊ ဆောင်းချေးငွေများကို အောက်တိုဘာလမှ ဇန်နဝါရီလအထိလည်းကောင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်ကာ တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးမည်
May 09 • 5:37 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


