ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်ရှိ မြက်ဆက်ရွာတွင် မနေ့ နေ့လယ် မွန်းတည့်အချိန် ကလေးငယ်တစ်ဦး ဖခင်ဖြစ်သူနှင့်အတူ ပန်းစိုက်ခင်းသို့ လိုက်သွားခဲ့ပြီး စုပုံထားသည့် ပန်းပုံပေါ်တွင် တက်ရောက်ဆော့ကစားနေစဉ် ပန်းပုံအောက်၌ ခိုအောင်းနေသော မြွေဟောက်၏ ကိုက်ခြင်းခံခဲ့ရသည်။ဒေသခံတစ်ဦးက "ဒီခြံထဲမှာ မြွေတွေက အမြဲရှိနေကျပဲ။ ခါတိုင်းဆိုရင် ဘာမှလည်း ရန်မပြုဘူး။ အဲ့နေ့မှ ဘယ်လိုဖြစ်တယ်မသိဘူး၊ မြွေကလည်း အကြီးကြီးပဲ၊ ကလေးကလည်း ငယ်သေးတော့ တက်ဆော့တဲ့အချိန်မှာ ထပေါက်တာပဲ"ဟု ပြောသည်။မြွေကိုက်ခံရပြီးနောက် ကလေးငယ်ကို မိသားစုဝင်များက အောင်ပန်းဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ခဲ့ကြသော်လည်း မြွေဆိပ်ဖြေဆေး လိုအပ်ချက်ကြောင့် ကလောပြည်သူ့ဆေးရုံသို့ ထပ်မံလွှဲပြောင်းခဲ့ရသည်။လက်ရှိတွင် အဆိုပါကလေးငယ်ကို တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ထားပြီး ဆေးကုသမှုများ ဆက်လက်ခံယူနေကြောင်း သိရသည်။
ရှမ်းပြည်နယ်၊အောင်ပန်း၌ ပန်းပုံထဲတွင် ဆော့ကစားသည့် ၄ နှစ်အရွယ်ကလေးငယ်တစ်ဦး မြွေဟောက်ကိုက်ခံရ
May 08 • 4:18 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 31 | 0 | 0 | 0 |


