နေပြည်တော်၌ ရာသီဥတုပူသဖြင့် ပျဉ်းမနားရှမ်းကန်ရှိ ငါးအများအပြားသေဆုံး

May 08 • 2:36 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်၌ ရာသီဥတုပူသဖြင့် ပျဉ်းမနားရှမ်းကန်ရှိ ငါးအများအပြားသေဆုံး

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့လယ်မှာရှိတဲ့ မင်္ဂလာကန်တော်(ရှမ်းကန် )မှာ အပူချိန်မြင့်တက် မှု ကြောင့် မေလ ၇ ရက်က ငါးတွေ အများအပြားသေဆုံးသွားတယ်လို့ ဒေသခ...

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့လယ်မှာရှိတဲ့ မင်္ဂလာကန်တော်(ရှမ်းကန် )မှာ အပူချိန်မြင့်တက် မှု ကြောင့် မေလ ၇ ရက်က ငါးတွေ အများအပြားသေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါ တယ်။ရှမ်းကန်ထဲကငါးတွေဟာ အပူရှိန်ပြင်းတာကြောင့် အောက်ဆီဂျင်ပြတ်ပြီး သေဆုံးတာမျိုးဖြစ်နိုင်သလို ရေရဲ့ အရည်အသွေးမကောင်းတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

ကန်အတွင်းကျန်ရှိနေတဲ့ငါးတွေ ထပ်မံ မသေဆုံးဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေက ဆက် လက် ဆောင်ရွက်နေတယ်လို့ မိုးစေတနာပရဟိတအသင်း ရန်ကုန် - နေပြည်တော် - ပျဉ်းမနားရုံးခွဲက ဥက္ကဋ္ဌ ဦးဖြိုးဝေ က ပြောပါတယ်။

news-view-count-icon

21