မကွေးတိုင်းဒေသကြီး မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ သစ်တောလမ်းမှာ ဆိုင်ခန်း ၅၀၀ နီးပါး ထည့်သွင်း တည်ဆောက်ထားတဲ့ အောင်သစ်လွင်ဈေးကို မေလ ၆ ရက် မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပါတယ်။ဈေးဖွင့်ပွဲကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ဖွင့်လှစ်ပေးပါတယ်။အဲဒီဈေးဟာ မကွေးမြို့မှာ ၆ ခုမြောက်ဖွင့်လှစ်တဲ့ဈေးဖြစ်ပြီး (၁၀) ပေပတ်လည် ဈေးဆိုင်ခန်းပေါင်း ၂၄၉ ခန်း၊ ကုန်ခြောက်ဆိုင်ခန်း ၁၅၃ ခန်း၊ သားငါးဆိုင်ခန်း ၁၂ ခန်း၊ ပျံကျဆိုင်ခန်း ၈၄ ခန်း ပါဝင်တယ်လို့ သိရပါတယ်။အောင်သစ်လွင်ဈေးဖွင့်လှစ်လိုက်တဲ့အတွက် ဈေးအနီးတဝိုက်ကရပ်ကွက်တွေမှာ နေထိုင်တဲ့ ပြည်သူတွေအတွက် အဆင်ပြေနိုင်မှာဖြစ်တယ်လို့ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးများဌာနစိတ်တာဝန်ခံ၊ ဦးစီးအရာရှိ ဦးကျော်စိုးမင်းက ပြောပါတယ်။
မကွေး၌ ဆိုင်ခန်း၅၀၀နီးပါးပါဝင်သည့် အောင်သစ်လွင်ဈေးဖွင့်လှစ်
May 08 • 1:31 AM
မြန်မာ
မကွေး
မျှဝေမည်
| 10 | 0 | 0 | 0 |


