တောင်ကြီးမြို့ရှောင်လမ်း ဆိုးရွားစွာပျက်စီးနေပြီး ပြုပြင်ရန် လိုအပ်နေ

May 02 • 1:17 PM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးမြို့ရှောင်လမ်း ဆိုးရွားစွာပျက်စီးနေပြီး ပြုပြင်ရန် လိုအပ်နေ

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မြို့ရှောင်လမ်း၊ လေးမိုင်ကွေ့-နောင်တလိ-ညိုမီး-နောင်ပနားဗွာ-လင်းကွင်း-ထီရီး (မွေးမြူရေးဇုန်) လမ်းမှာ ဆိုးရွားစွာ ပျက်စီးနေပ...

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မြို့ရှောင်လမ်း၊ လေးမိုင်ကွေ့-နောင်တလိ-ညိုမီး-နောင်ပနားဗွာ-လင်းကွင်း-ထီရီး (မွေးမြူရေးဇုန်) လမ်းမှာ ဆိုးရွားစွာ ပျက်စီးနေပြီး အတက်အဆင်း၊ အကွေ့အကောက် များကာ မတ်စောက်သည့်အတွက် ပြုပြင်ရန် လိုအပ်နေကြောင်း ယာဉ်မောင်းများထံက သိရသည်အဆင်းလမ်းအဖြစ် အသုံးပြုနေသည့် အဆိုပါ မြို့ရှောင်လမ်းတွင် တောင်ကြီးမှ လမ်းငါးဆုံအဝိုင်းအထိ လမ်းပိုင်းမှာ အသင့်အတင့် ကောင်းမွန်သော်လည်း အဝိုင်းပတ်မှ မွေးမြူရေးဇုန်အထိ လမ်းတစ်လျှောက်မှာ အတက်အဆင်း မတ်စောက်သည့်အပြင် ရေတိုက်စားမှုကြောင့် လမ်းကတ္တရာသားများ ပျက်စီးနေခြင်း၊ လမ်းဘေး ဖို့မြေနေရာများမှာ မြေသားမခိုင်ခန့်ဘဲ ရေတိုက်စားမှုကြောင့် ပြိုကျခြင်းများ ရှိနေပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဖြစ်ပေါ်မည်ကို စိုးရိမ်နေရကြောင်း သိရသည်။အဆိုပါ မြို့ရှောင်လမ်းသည် လမ်းအရည်အသွေး မပြည့်မီသည့်အပြင် လမ်းကြမ်းသည့်အတွက် ယာဉ်မတော် တဆမှုများ မကြာခဏဖြစ်ပွားတတ်လေ့ရှိပြီး ယာဉ်မောင်းများအနေဖြင့် ဂရုပြုမောင်းနှင်ရန် လိုအပ်ကြောင်း နှင့် လမ်းပိုင်းကျွမ်းကျင်သူများသာ မောင်းနှင်သင့်ကြောင်း ယာဉ်မောင်းများက ပြောဆိုကြသည်။ယင်းမြို့ရှောင်လမ်းကို ကုန်တင်ယာဉ်ကြီးများ၊ တွဲယာဉ်များအတွက် အဆင်းလမ်းအဖြစ် အသုံးပြုနေခြင်း ဖြစ်ပြီး ယာဉ်ကြီးများအတွက် အတက်လမ်းကို တောင်ကြီးအတက် ၂ ထပ်လမ်း၊ ထုံးဖိုဘက်မှသာ အချိန်ပိုင်း ဖြင့် လွှတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။



news-view-count-icon

17