ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ မြသိန်းတန်ရပ်ကွက်၊ မော်ကျွန်း-ဝါးခယ်မကားလမ်းရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် မေလ ၂ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုနေရာသို့ ဝါးခယ်မမြို့နယ်မီးသတ်စခန်းမှ ဦးဆောင်၍ ရွှေလောင်း၊ ကျုံမငေး၊ ရွာသစ်နှင့် မော်ကျွန်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း (၉) စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွား
May 02 • 8:04 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 24 | 0 | 0 | 0 |


