မန္တလေးတိုင်း ချမ်းအေးသာစံအရှေ့ရပ်ကွက်တွင် မိုးလေပြင်းထန်မူ့ကြောင့် အထည်ဆိုင် ဆိုင်းဘုတ်ပြိုကျမှုဖြစ်ပွား

Apr 29 • 3:11 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း ချမ်းအေးသာစံအရှေ့ရပ်ကွက်တွင် မိုးလေပြင်းထန်မူ့ကြောင့် အထည်ဆိုင် ဆိုင်းဘုတ်ပြိုကျမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊၂၆လမ်း၊ ၈၁x၈၂ လမ်းကြားရှိ အထည်ဆိုင် ဆိုင်းဘုတ်မိုးလေပြင်းထန်မူ့ကြောင့် ပြိုကျမှုဖြစ်ပွားကြေ...

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊၂၆လမ်း၊ ၈၁x၈၂ လမ်းကြားရှိ အထည်ဆိုင် ဆိုင်းဘုတ်မိုးလေပြင်းထန်မူ့ကြောင့် ပြိုကျမှုဖြစ်ပွားကြောင်း ဧပြီ ၂၉ရက် ညနေ ၁၇ : ၅၀ အချိန်ခန့်ကသတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါ။ထို့ပြင် ည ၆ နာရီကျော်တွင် အောင်မြေသာစံမြို့နယ်၊ ၈၃ လမ်းအတွင်း၌ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ အချိန်မီ ရှင်းလင်းနိုင်ခဲ့သည်။မော်တော်ယာဉ်မတော်တဆမှုအနေဖြင့် ညနေ ၄ နာရီခွဲခန့်တွင် ကျောက်ဆည်မြို့ရှောင်လမ်း၌ အချိုရည်များ တင်ဆောင်လာသည့် တွဲကားတစ်စီး နောက်တွဲယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သဖြင့် ဝိုင်းဝန်းကူညီပေးခဲ့ကြသည်။ အခြားတစ်ဖက်တွင်လည်း ယမန်နေ့က လေပြင်းတိုက်ခတ်မှုဒဏ် ခံခဲ့ရသည့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ရပ်ကွက်များ၌ လဲကျနေသော သစ်ပင်များကို ယနေ့ နံနက်ပိုင်းမှစတင်ကာ သက်ဆိုင်ရာအဖွဲ့များက ဆက်လက်ဖယ်ရှား ရှင်းလင်းပေးခဲ့ကြသည်။




news-view-count-icon

19