ဖျာပုံမြို့နယ် ချောင်းဝရွာမှာ မီးလောင်လို့ အိမ် ၇၀ လောက်မီးထဲပါသွားပြီး အကူအညီလိုအပ်နေ

Apr 29 • 12:09 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဖျာပုံမြို့နယ် ချောင်းဝရွာမှာ မီးလောင်လို့ အိမ် ၇၀ လောက်မီးထဲပါသွားပြီး အကူအညီလိုအပ်နေ

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှာ ဧပြီ ၂၉ ရက်၊ မနက် ၂ နာရီကျော်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မနက် ၄ နာရီဝန်ကျင်လောက်မှ...



ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှာ ဧပြီ ၂၉ ရက်၊ မနက် ၂ နာရီကျော်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မနက် ၄ နာရီဝန်ကျင်လောက်မှ မီးငြိမ်းနိုင်ခဲ့တာဖြစ်လို့ မီးလောင်ချိန်ဟာ ၁နာရီ မိနစ်၃၀ လောက်ကြာမြင့်ခဲ့တာကြောင့် အိမ်မီးလောင်မှုများခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေ က ဆိုပါတယ်။ မီးလောင်မှုအတွင်း ပါသွားတဲ့အိမ်တွေကတော့ ဓနိမိုး ၊ ဓနိကာ၊ ဝါးကြမ်းခင်း အိမ်၂၈ လုံး၊ သွပ်မိုး/ ထရံကာ နဲ့ ပျဉ်ခင်း အိမ်က ၃၇ လုံး၊ သွပ်မိုးနဲ့ အုတ်ကာ ၊ကွန်ကရစ်ခင်းနေအိမ်က ၅ လုံး ဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် အိမ်ထောင်စု ၇၀ မီးဘေးသင့်ခဲ့ပြီး ဒေသခံ ၃၄၇ ယောက် ဒုက္ခရောက်ခဲ့ရကြောင်း ၊ မီးဘေးသင့်ပြည်သူတွေအတွက် အဝတ်အစား နဲ့ အစားအသောက်အပြင် ပြန်လည်ထူထောင်ရေး အတွက်လည်း အကူအညီထောက်ပံ့တွေ လိုအပ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မီးဘေးသင့်သူတွေဟာ  ချောင်းဝကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ယာယီနေထိုင်နေကြရတယ်လို့  သိရပါတယ်။ 





news-view-count-icon

14