ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ပကိတ်ကျေးရွာတွင် ဧပြီလ ၂၈ရက်မနက် ၄နာရီခန့်က လူနေအိမ်များမီးလောင်နေကြောင်း သတင်းရရှိသဖြင့် မြောင်းမြမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။အဆိုပါမီးလောင်မှုစတင်ဖြစ်ပွားရာမှာ ပကိက်ကြီး ကျေးရွာအုပ်စု၊ ပကိက်ကျေးရွာကမ်းနားလမ်းနေ ဒေါ်မြင့်မြင့်ပြုံး၊ ၆၀ နှစ်၊ (ဘ) ဦးစံသင်းကျပန်းလုပ်သူ၏ နေအိမ်မီးဖိုချောင်မှစ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ ရွာသူ၊ရွာသားများ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ကျေးရွာရှိအရံမီးသတ်တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းငြိမ်းသတ်ကြရာ နံနက်၆:၀၀နာရီကျော်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့နယ်၊ ပကိတ်ကျေးရွာတွင် ယနေ့ နံနက် ၄ နာရီခန့်က လူနေအိမ်များ မီးလောင်မှုဖြစ်ပွား၊ ကနဦးသတင်းများအရ နေအိမ်အလုံး(၃၀)ခန့်နှင့်ဂိုဒေါင် (၃)လုံးခန့် မီးလောင်ပျက်စီး
Apr 28 • 8:02 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 9 | 0 | 0 | 0 |


