အဆိုတော်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သူ ထွန်းထွန်း(Examplez ရဲ့အဖွဲ့ဝင်ဟောင်းဖြစ်သူ)သည် ၎င်း၏ ချစ်သူကောင်မလေးအေးငြိမ်းသူအား မြတ်စွာဘုရားရှင်၏ ဆံတော်မြတ် ကိန်းဝပ်ရာ ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်တွင် လက်ထပ်ခွင့်တောင်းခဲ့ကြောင်း သိရသည်။ လူပျိုကြီးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သည့် ထွန်းထွန်းက ယခုကဲ့သို့ ဘုရားရင်ပြင်တော်ပေါ်တွင် အမှတ်တရ လက်ထပ်ခွင့်တောင်းခဲ့သည့် ပုံရိပ်များကို လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မျှဝေခဲ့ရာ အနုပညာမောင်နှမများနှင့် ပရိသတ်များစွာက ဝမ်းသာအားရ ဂုဏ်ပြုဆုတောင်းပေးနေကြပြီး အဆိုပါသတင်းမှာ ပရိသတ်များအကြား ရေပန်းစားလျက်ရှိပါသည်။ထွန်းထွန်းရဲ့ချစ်သူလေး အေးငြိမ်းသူဟာ အနုပညာလောကသားမဟုတ်ပေမဲ့ ထွန်းထွန်းရဲ့အနုပညာအလုပ်မှန်သမျှကို digital page တစ်ခုနဲ့နောက်ကွယ်ကနေsupporting ပေးနေသူလေးတစ်ဦးလည်းဖြစ်ပါတယ်။
အဆိုတော်နဲ့သရုပ်ဆောင် ထွန်းထွန်းမှ ချစ်သူလေးအေးငြိမ်းသူကို ရွှေတိဂုံစေတီ၌ ယနေ့လက်ထပ်ခွင့်တောင်းခဲ့
Apr 28 • 6:20 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 38 | 0 | 0 | 0 |


