မန္တလေးတွင် ဟိုတယ်/တည်းခိုခန်းများ၌ အပူရှောင်သူများဖြင့် ပြည့်နေ

Apr 28 • 5:16 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတွင် ဟိုတယ်/တည်းခိုခန်းများ၌ အပူရှောင်သူများဖြင့် ပြည့်နေ

မန္တလေးမြို့အနီး၀န်းကျင်ရှိ ဟိုတယ်နှင့်တည်းခိုခန်းများတွင် နေ့စဉ်အပူရှောင်သူများဖြင့် ပြည့်နှက်နေကြောင်း ဒေသခံများထံမှ သိရသည်။လတ်တလောကြုံတွေ့နေရသည့် အပူချိန်မြင...

မန္တလေးမြို့အနီး၀န်းကျင်ရှိ ဟိုတယ်နှင့်တည်းခိုခန်းများတွင် နေ့စဉ်အပူရှောင်သူများဖြင့် ပြည့်နှက်နေကြောင်း ဒေသခံများထံမှ သိရသည်။လတ်တလောကြုံတွေ့နေရသည့် အပူချိန်မြင့်မားမှုဒဏ်မှ ရှောင်လွှဲနိုင်ရန် ယာယီသွားရောက် နေထိုင်ကြ သူများကြောင့် အခန်းလွတ်မရှိလောက်အောင်ကို ပြည့်နှက်နေခြင်းဖြစ်ကြောင်း ဒေသခံခရီးသွား လုပ်ငန်းရှင်များက ဆိုသည်။မန္တလေးမြို့တွင် ပြီးခဲ့သည့်ရက်သတ္တပတ်မှစ၍ နေ့အပူချိန်များအလွန်အမင်းမြင့်တက်လျက်ရှိသည်။အပူချိန်မြင့်တက်မှုကြောင့် အသက်(၆၀)၀န်းကျင်အရွယ် အမျိုးသားသုံးဦး ဦးနှောက်သွေးကြောပြတ်‌ သေဆုံးခဲ့ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားဆရာ၀န်တစ်ဦးမှာလည်း Heat Stroke ဖြင့် ‌ သေဆုံးခဲ့ကြောင်း သိရသည်။

news-view-count-icon

9