မကွေးတိုင်း၊ပခုက္ကူမြို့၌ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲ ကျင်းပမည်

Apr 28 • 1:44 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊ပခုက္ကူမြို့၌ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲ ကျင်းပမည်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြိုမှာ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး ကိုယ်တိုင်တည်ထား ကိုးကွယ် တော်မူခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင် မြတ်စွာဘုရားကြီးရဲ...

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြိုမှာ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး ကိုယ်တိုင်တည်ထား ကိုးကွယ် တော်မူခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင် မြတ်စွာဘုရားကြီးရဲ့ နယုန်လ ဗုဒ္ဓပူဇနိယပွဲတော်ကို လာမဲ့ မေ ၂၃ ရက်ကနေ ဇွန် ၇ ရက်အထိ ၁၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ သီဟိုဠ်ရှင်မြတ်စွာ ဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဆီက သိရပါတယ်။နယုန်လဗုဒ္ဓပူဇနိယပွဲတော် ကာလအတွင်း ရပ်နီးရပ်ဝေးက ဈေးသည်တွေ၊ ဒေသခံ ဈေးသည်တွေ စုပေါင်းပြီး ဈေးဆိုင်ခန်းပေါင်းများစွာနဲ့ ခေတ်ပေါ်အဝတ်အထည်ဒီဇိုင်းအရောင်းဆိုင်တွေ၊ ချက်ပြုတ်ရေးသုံး ပစ္စည်း အရောင်းဆိုင်တွေ၊ အညာဒေသထွက်စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တွေ၊ တောင်သူ လယ် သမားသုံး ပစ္စည်းအရောင်းဆိုင်တွေ၊ ကလေးကစားစရာ ပစ္စည်းအရောင်းဆိုင်တွေ၊ မုန့်ဆိုင်တန်းတွေ ဖွင့်လှစ် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။အလောင်းစည်သူမင်းကြီးတည်ထားကိုးကွယ်ခဲ့တဲ့ ပခုက္ကူမြို့၊ သီဟိုဠ်ရှင် မြတ်စွာဘုရားကြီးရဲ့ နယုန်လ ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။

news-view-count-icon

10