တောင်ကြီးမြို့၊ မြို့မဈေး မြောက်ဘက်၊ ကုန်သည်လမ်းပေါ်ရှိ ဆောက်လုပ်ဆဲ ယာယီညဈေး၏ မြေတွင်း အတွင်းသို့ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးကြောင်း သတင်းများထွက်ပေါ်နေပြီး အဆိုပါ သတင်းမှာ မဟုတ်မှန်ကြောင်း သိရသည်။ထို့အတူ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ တာဝန်ရှိသူကလည်း “လူနာက ကောင်းပါတယ်။ မနေ့က ဆေးရုံက ဆင်းသွားပါပြီ” ဟု ပြောဆိုခဲ့သည်။အဆိုပါ အမျိုးသားမှာ မြေတွင်းထဲ ပြုတ်ကျသေဆုံးခြင်းမဟုတ်ဘဲ ဆိုင်ကယ်အရှိန်လွန်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်အနီးရှိ မြေစာပုံ အတားအဆီးများကို တိုက်မိခဲ့ခြင်းသာဖြစ်သည်ဟု သိရသည်။



