မဟာပါသာဏလှိုဏ်ဂူတော်၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အခမ်းအနား (၃) ရက်တိုင် ကျင်းပမည်

Apr 26 • 7:07 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မဟာပါသာဏလှိုဏ်ဂူတော်၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အခမ်းအနား (၃) ရက်တိုင် ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးတွင် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်...

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးတွင် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ဧပြီလ ၃၀ ရက်မှ မေလ ၂ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ (၃) ရက်တာကာလအတွင်း ဖွင့်ပွဲအခမ်းအနား၊ စာတမ်းဖတ်ပွဲနှင့် ပိတ်ပွဲများကို အစီအစဉ်အလိုက် ကျင်းပမည်ဖြစ်ပြီး အထူးပြပွဲများအဖြစ် ဓာတ်ပုံပြခန်းများ၊ ရုပ်တုများ၊ ဆဋ္ဌသင်္ဂါယနာတင် ကျမ်းစာအုပ်များ ခင်းကျင်းပြသခြင်းနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် အထိမ်းအမှတ်ပစ္စည်းများ ထုတ်ဝေခြင်း၊ ဒေဝါဝင်း၊ ရာဇာဝင်းများဖြင့် လှည့်လည်ပူဇော်ခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

12