ရှမ်းပြည်နယ်ရှိအာလူးစိုက်တောင်သူများ အရင်းအနှီးပြန်မရသည်အထိ ဆုံးရှုံးမှုများနေ

Apr 26 • 2:51 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်ရှိအာလူးစိုက်တောင်သူများ အရင်းအနှီးပြန်မရသည်အထိ ဆုံးရှုံးမှုများနေ

ရှမ်းပြည်တောင်ပိုင်းရှိ စိုက်ပျိုးရေးသမား တောင်သူများသည် အာလူးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည်အထိ ဆုံးရှုံးမှု များနေကြောင်း စုံစမ်းသိရသည်။မြန်မာန...

ရှမ်းပြည်တောင်ပိုင်းရှိ စိုက်ပျိုးရေးသမား တောင်သူများသည် အာလူးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည်အထိ ဆုံးရှုံးမှု များနေကြောင်း စုံစမ်းသိရသည်။မြန်မာနိုင်ငံအတွင်း ကုန်ဈေးနှုန်းများ တနေ့တခြား ဈေးနှုန်းမြှင့်တက်လာသည့်အလျောက် စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာ စျေးနှုန်းလည်း နေ့စဉ်နှင့်အမျှ မြင့်တက်လာသည်။ထိုသို့ ဘက်ပေါင်းစုံမှ ကုန်စျေးနှုန်း မြင့်တက်လာသည့်အတွက် ရှမ်းပြည်တောင်ပိုင်းရှိ စိုက်ပျိုးရေးသမား တောင်သူများသည် ရင်းနှီးမှုငွေ ပြန်မရသည်အထိ ဆုံးရှုံးမှု များလာကာ စိုက်ပျိုးထားသည့် သီးနှံများ ဈေးကွက်မရရှိဘဲ နှစ်စဉ် ဆုံးရှုံးမှု ဆက်တိုက်ဖြစ်လာသည်။ လက်ရှိ ရှမ်းပြည်တောင်ပိုင်း အောင်ပန်း၊ ပင်လောင်း၊ နောင်တရား စသည့် မြို့နယ်များတွင် ဈေးကွက်အတွင်း အာလူး တစ်ပိဿာလျှင် ၂,၀၀၀ ဝန်းကျင်မှ ၁,၃၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းနေကြောင်း အောင်ပန်းမြို့ သီးနှံကုန်စည်ဒိုင်ရှိ ကုန်သည်များထံမှ သိရသည်။

news-view-count-icon

11