တာချီလိတ်မြို့၊ ပါလျှံ(၁)၌ ဘိန်းစာရွက်၊ ဘိန်းစာရွက်ပြုတ်ရည်နှင့် ချောင်းဆိုးပျောက်ဆေးရည် ရောင်းချသူ နှစ်ဦးအား ဖမ်းဆီးရမိ

Apr 25 • 12:38 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့၊ ပါလျှံ(၁)၌ ဘိန်းစာရွက်၊ ဘိန်းစာရွက်ပြုတ်ရည်နှင့် ချောင်းဆိုးပျောက်ဆေးရည် ရောင်းချသူ နှစ်ဦးအား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ဖေဖော်ဝါရီလ ၁၁ ရက်နေ့လည် ၂ နာရီခွဲအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ ရ...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ဖေဖော်ဝါရီလ ၁၁ ရက်နေ့လည် ၂ နာရီခွဲအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)လမ်း၊ တရုတ်ဘုံကျောင်းရှေ့ လမ်းမပေါ်တွင် သတင်းအရ အနက်ရောင်ဆိုင်ကယ်ဖြင့် ပါလျှံ(၃)မီးပွိင့်ဘက်မှ တရုတ်ဘုံကျောင်းဘက်သို မောင်းနှင်လာသူအား စစ်ဆေးခဲ့ရာ စိုင်းကျန်ခမ်း၊ အသက်(၂၁) နှစ် အမှတ်(၁၄၈/၁)၊ လိုမာဟိုတယ်သွားလမ်း၊ တော်ကော့(တွင်း)၊ ဝိန်းကျောက်ရပ်ကွက်နေထိုင်သူဖြစ်ပြီး ဆက်လက်ရှာဖွေရာ ဘိန်းစာရွက်ဟုယူဆရသော အစိမ်းရောင်အရွက် (အစို) အလေးချိန် ၁၀ ကီလိုခန့်အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသည်။ဆက်လက်စစ်ဆေးချက်အရ စိုင်းကျန်ခမ်း၏ နေအိမ်လိုင်းခန်းငှားအား ပူးပေါင်းအဖွဲဖြင့် သွားရောက် ရှာဖွေခဲ့ရာ အခန်းအမှတ်(၁)တွင် ငှါးရမ်းနေထိုင်သူ စိုင်းလုံဆိုင်၊ အသက်(၄၂)နှစ်အား တွေ့ရှိပြီး နေအိမ်အပေါ် ထပ်ရှိ အိပ်ခန်းအတွင်းမှ အစိမ်းရောင်ဆာလာ အိတ်ဖြင့်ထည့်လျက် ဘိန်းစာရွက်ဟုယူဆရသော အစိမ်းရောင် အရွက်(အစို) အလေးချိန် ၄၀ ကီလိုခန့်နှင့် နေအိမ်အောက်ထပ်ရှိ ဧည့်ခန်းအတွင်းမှ Living Water စာတန်းပါ ရေသန့်ဘူးကြီးဖြင့်ထည့်လျက် ဘိန်းစာရွက်ရည်ဟုယူဆရသော အညိုရောင် အရည် ၂၀ လီတာခန့်၊ အဖြူရောင် ပလတ်စတစ်ပုံးအတွင်းမှ ချောင်းဆိုးပျောက်ဆေးရည်ဟု ယူဆရသော နီညိုရောင်အရည် ၂ လီတာခန့်အား ထပ်မံ သိမ်းဆည်းရမိသည်။အမှုမှ ဘိန်းစာရွက်၊ ဘိန်းစာရွက်ရည်နှင့် ချောင်းဆိုးပျောက်ဆေးရည်နှင့်အတူ သိမ်းဆည်းရမိသူ စိုင်းကျန်ခမ်း(၂၁ နှစ်)နှင့် စိုင်းလုံဆိုင်(၄၂ နှစ်) တို့(၂)ဦးအား ဟောင်လိတ်နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲစေသော ဥပဒေပုဒ်မဖြင့်အရေး ယူဆောင်ရွက်ရွက်ထားကြောင်း သိရသည်။






news-view-count-icon

12