ရှမ်းပြည်နယ်၊ရွာငံတွင် ဝက်များ ဝက်ရောဂါကြောင့် အများအပြားသေဆုံးနေ

Apr 24 • 3:06 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ရွာငံတွင် ဝက်များ ဝက်ရောဂါကြောင့် အများအပြားသေဆုံးနေ

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံဒေသကျေးရွာအချို့တွင် ဝက်နာကျရောဂါကုသရန် တိရစ္ဆာန်ကုဆရာဝန် အလှမ်းဝေးခြင်းတို့ကြောင့် ဒေသတွင်းကုသနည်းလမ်းဖြင့်သာ ကုသနေကြောင်းသိရသည်။"...

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံဒေသကျေးရွာအချို့တွင် ဝက်နာကျရောဂါကုသရန် တိရစ္ဆာန်ကုဆရာဝန် အလှမ်းဝေးခြင်းတို့ကြောင့် ဒေသတွင်းကုသနည်းလမ်းဖြင့်သာ ကုသနေကြောင်းသိရသည်။"ဝက်ကောင်ပေါက် ၉ ကောင်မွေးတာ အခု ၅ ကောင်ပဲ ကျန်တော့တယ်။ နေမကောင်းဖြစ်ပြီး မကြာဘူး၊ အစာမစားဘဲ မှိုင်ပြီး သေကုန်တာပဲ၊ နောက်ဘက်ခြမ်းက အိမ်တစ်အိမ်မှာလည်း ၁၂ ကောင်ပေါက်တာ ၆ ကောင်ပဲကျန်တယ်ပြောတယ်" ဟု ရွာငံဒေသခံ ဝက်မွေးမြူသူတစ်ဦးက ပြောသည်။မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဧပြီ ၂၂ ရက်နေ့တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပေးချက် ထုတ်ပြန်ထားသည်။မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကလည်း အဆိုပါရောဂါသည် လူသို့မကူးစက်သော်လည်း ဝက်များတွင် ကုသဆေးမရှိဘဲ ကူးစက်မှုအလွန်မြန်သဖြင့် ခြံများတွင် ဇီဝလုံခြုံမှုမြှင့်တင်ရန်၊ ပိုးသတ်ဆေးဖျန်းရန်နှင့် စားကြွင်းစားကျန်များ ကျွေးခြင်းကို ရှောင်ကြဉ်ရန် အသိပေးထားသည်။

news-view-count-icon

13