ငြိမ်းချမ်းရေးဆရာတော်တွေဟာ ဒုတိယအကြိမ် လမ်းလျှောက်ပွဲအဖြစ် သီရိလင်္ကာမှာ စတင်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနများမှာ ဖော်ပြထားပါတယ်။ သီရိလင်္ကာနိုင်ငံတစ်ဝန်းမှာ ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ အချိန်တစ်ပတ်ကြာမဲ့ အဲဒီ“ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ပွဲ”ကို ဧပြီ ၂၂ ရက်မှာ စတင်လိုက်တာ ဖြစ်ပါတယ်။ လမ်းလျှောက်ပွဲဟာ ဗုဒ္ဓဘာသာအဆုံးအမတွေနဲ့အညီ ငြိမ်းချမ်းရေးနဲ့ သတိပဋ္ဌာန်ကို မြှင့်တင်ဖို့နဲ့ သီရိလင်္ကာရဲ့ ဗုဒ္ဓဘာသာအမွေအနှစ် ကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ ဒီပွဲကို အမေရိကန်အခြေစိုက် ဗီယက်နမ် ဘုန်းတော်ကြီး ပညာကာရ ဦးဆောင်တာဖြစ်ပြီး ပြည်တွင်းပြည်ပ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့အတူ အာလောကလို့ အမည်ပေးထားတဲ့ခွေးတစ်ကောင်လည်း ပါဝင်ပါတယ်။ လမ်းလျှောက်ပွဲဟာ မြို့တော်ကိုလံဘိုရဲ့ မြောက်ဘက် ၉၉ မိုင်အကွာက ဒမ်ဘူလာမြို့ရဲ့သမိုင်းဝင်ဂူဘုရားကျောင်းကနေ စတင်ခဲ့ပါတယ်။ မိုင် ၁၄၀ ရှည်တဲ့ ခရီးစဉ်က ကိုလံဘိုမြို့တော်ရဲ့ လွတ်လပ်ရေးရင်ပြင်မှာ အဆုံးသတ်မှာဖြစ်ပြီး သမ္မတ အနုရာ ကုမာရာ ဒစ်ဆာနာ ယာကေးက သူတို့ကို ကြိုဆိုမယ်လို့ မျှော်လင့်ရပါတယ်။
သီရိလင်္ကာ၌ ငြိမ်းချမ်းရေးဆရာတော်များ ဒုတိယအကြိမ်လမ်းလျှောက်ပွဲ စတင်
Apr 24 • 3:02 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 32 | 0 | 0 | 0 |


