မကွေး အိမ်ခြံမြေဈေးကွက် သင်္ကြန်အပြီး အရောင်းအဝယ်အေးနေ

Apr 24 • 1:57 AM

breaking-news

မြန်မာ

မကွေး

cover

မကွေး အိမ်ခြံမြေဈေးကွက် သင်္ကြန်အပြီး အရောင်းအဝယ်အေးနေ

မကွေးမြို့ အိမ်ခြံမြေဈေးကွက်မှာသင်္ကြန်အပြီးကာလ ဝယ်လိုအားထက် ရောင်းလိုအား များနေပြီး အရောင်း အဝယ် အေးနေတယ်လို့ မကွေးမြို့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်...

မကွေးမြို့ အိမ်ခြံမြေဈေးကွက်မှာသင်္ကြန်အပြီးကာလ ဝယ်လိုအားထက် ရောင်းလိုအား များနေပြီး အရောင်း အဝယ် အေးနေတယ်လို့ မကွေးမြို့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။မကွေးမြို့မှာ စီးပွားရေး နဲ့ သွားလာရေး အချက်အချာကျတဲ့ စျေးအနီး၊ ကျောင်းအနီး နေရာတွေနဲ့ မိန်းလမ်းမကြီး တွေဖြစ်တဲ့ ပြည်တော်သာလမ်း၊ အထက(၁)လမ်း၊ တောင်တွင်းလမ်းမကြီး၊ သစ္စာလမ်း၊ အဝေရာ လမ်းမကြီးတွေ ပေါ်မှာ အိမ်ခြံမြေဈေး မြင့်မားပြီး လူကြိုက်လည်း များတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ မကွေးမြို့ပေါ်ရှိ ပြည်တော်သာလမ်း၊ သစ္စာလမ်း၊ တောင်းတွင်းလမ်း၊ အဝေရာလမ်းစတဲ့ လမ်းကြီးတွေ ပေါ်မှာ ပေ ၄၀၊ ပေ ၆၀ ခြံတစ်ကွက်ကို ကျပ်သိန်း တစ်သောင်း ငါးထောင်ကနေ ကျပ်သိန်း နှစ်သောင်း ဝန်းကျင် အထိဈေး ရှိပြီး ပေ ၄၀၊ ပေ ၆၀ ခြံတစ်ကွက်ကို ကျပ်သိန်းတစ်ထောင်ကနေ ကျပ် သိန်း လေး ထောင်အတွင်း ပေါက်ဈေးရှိတဲ့ အောင်မေတ္တာရပ်ကွက်၊ အောင်စေတနာရပ်ကွက်တွေမှာ အရောင်းအဝယ် ပို ဖြစ်တယ်လို့ ဆိုပါတယ်။

news-view-count-icon

7