ထိန်ပင်အမှိုက်ပုံတွင် ​နေ့စဥ်အမှိုက်တန်ချိန် ၁၂၀၀ ​ကျော် စွန့်ပစ်​နေ

Apr 22 • 2:25 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ထိန်ပင်အမှိုက်ပုံတွင် ​နေ့စဥ်အမှိုက်တန်ချိန် ၁၂၀၀ ​ကျော် စွန့်ပစ်​နေ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံတွင် နေ့စဉ် အမှိုက်တန်ချိန် ၁၂၀၀ ကျော် စွန့်ပစ်လျက်ရှိကြောင်း ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး...

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံတွင် နေ့စဉ် အမှိုက်တန်ချိန် ၁၂၀၀ ကျော် စွန့်ပစ်လျက်ရှိကြောင်း ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီမှ သိရသည်။အဆိုပါ ထိန်ပင်အမှိုက်ပုံသည် ရန်ကုန်မြို့ရှိ အ​နောက်ပိုင်းခရိုင်နှင့် ​မြောက်ပိုင်းခရိုင် မြို့နယ်များမှ စုဆောင်းလာသော အမှိုက်များကို အဓိက စုပေါင်းစွန့်ပစ်ရာ နေရာတစ်ခုဖြစ်ပြီး နေ့စဉ် အမှိုက်တင်ဆောင်လာသည့် ယာဉ်အစီး​ရေ ၇၈ စီးဖြင့် ​ခေါက်​ရေ ၂၀၀ ​​​ကျော်ဖြင့် အမှိုက်များကိုတင်​ဆောင်​နေ​ရ​ကြောင်း သိရသည်။လက်ရှိတွင် လူဦးရေတိုးပွားလာခြင်းနှင့်အမျှ အမှိုက်ပမာဏလည်း တိုးလာနေပြီး တစ်ရက်လျှင် တန်ချိန် ၁၂၀၀ ကျော်အထိ ရောက်ရှိလာသည်ဟု ဆိုသည်။



news-view-count-icon

7