ဖားကန့် - ကားမိုင်းလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ပေမယ့် ကားတွေသွားလာနေဆဲ

Apr 22 • 1:12 PM

breaking-news

မြန်မာ

ကချင်

cover

ဖားကန့် - ကားမိုင်းလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ပေမယ့် ကားတွေသွားလာနေဆဲ

အစိုးရတပ်တွေဟာ ဖားကန့်ဒေသကို ဖားကန့် - ကားမိုင်းလမ်းကနေ အဓိက ဝင်ရောက်ပြီး အင်အားဖြည့်တင်းနေတဲ့ အတွက် ဖားကန့် - နန့်ယား - ကားမိုင်းလမ်းကို ဒီနေ့ ဧပြီ ၂၂ ရက်ကစပြီ...

အစိုးရတပ်တွေဟာ ဖားကန့်ဒေသကို ဖားကန့် - ကားမိုင်းလမ်းကနေ အဓိက ဝင်ရောက်ပြီး အင်အားဖြည့်တင်းနေတဲ့ အတွက် ဖားကန့် - နန့်ယား - ကားမိုင်းလမ်းကို ဒီနေ့ ဧပြီ ၂၂ ရက်ကစပြီး ရက်အကန့်အသတ်မရှိသွားလာခွင့် ပိတ်လိုက်ကြောင်း မနေ့က သတိပေး ထုတ်ပြန်ထားပါတယ်။ ဖားကန့် - နန့်ယား - ကားမိုင်းလမ်းကို အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်ကြောင်း စာထုတ်သတိပေးခဲ့တယ်ပေမယ့် ကားတွေကတော့ သွားလာမှုရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။ ဖားကန့် - နန့်ယား - ကားမိုင်း လမ်းကတော့ ပြီးခဲတဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လလောက်မှာ တပ်ကပြန်ထိန်းချုပ်ပြီး လမ်းပိုင်းဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပြီး အဲဒီမတိုင်ခင် လမ်းပိုင်းပိတ်ထားစဥ်က ဖားကန့်ဒေသမှာ ဆန် ဆီ၊ အခြေခံစားသောက်ကုန်ပစ္စည်းအပါအဝင် ကုန်စျေးနူန်းတွေ အဆမတန်မြင့်တက်မှုရှိခဲ့ပါတယ်။ အဲဒါကြောင့် ဒေသခံတွေကတော့ ဖားကန့် - ကားမိုင်းလမ်းပိတ်မှာကို မလိုလားကြတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ် ။ လက်ရှိမှာ အစိုးရတပ်က လုံးခင်းရွာ ၊ အောင်ရာရွာအထိ ထိန်းချုပ်ထားပြီး မနေ့က ဧပြီ ၂၁ ရက်နေ့ ညနေပိုင်းမှာ Mai မိုင်ဆေးရုံအနီးမှာ အစိုးရတပ်နဲ့ လက်နက်ကိုင်အဖွဲ့ အကြား ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ Mai မိုင်ဆေးရုံအနီးမှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ညပိုင်းမှာတော့ ဆေးရုံရှိ ဆရာဝန်အပါအဝင် လူအားလုံးနီးပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ခေါ်ယူစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ဒေသခံဆီက စုံစမ်း သိရှိရပါတယ် ။ 




news-view-count-icon

12