ရက် ၁၀၀ စီမံချက်တွင် ပါ၀င်သောမြစ်ကြီးနား - မိုးညှင်းလမ်းပိုင်းအတွင်း တံတားနှင့်လမ်းများ ပြုပြင်ရေးဆိုသည့်စီမံချက်အတွက်မြန်မာ့မီးရထားမှ တာ၀န်ရှိသူများက အမြန်ဆုံး
စတင်ဆောင်ရွက်ချက်အဖြစ် မိုးကောင်းမှမိုးညှင်းကြား သံလမ်းများကို စတင်စစ်ဆေးပြီးအစားထိုးလဲလှယ်ရန်လိုအပ်သည်များကိုဆောင်ရွက်နေရာ ယနေ့တွင် မင်းကုန်းဘူတာအထိပြီးစီးပြီဟု သိရသည် ။မိုးကောင်းမှ မိုးညှင်းကြားသံလမ်းနှင့် တံတားများစစ်ဆေးပြပြင်ဆောင်ရွက်ပြီးစီးပါက မြစ်ကြီးနားမှမိုးညှင်းအထိလူစီးရထားများ ပြေးဆွဲနိုင်မည်ဖြစ်ပြီးဒေသတွင်း သယ်ယူပို့ဆောင်ရေးအတွက် များစွာအကျိုးရှိစေမည်ဖြစ်သည် ။ယခုအခါ ကချင်ပြည်နယ်၌ ရေလမ်း၊လေကြောင်းလိုင်း၊ကားလမ်းများတို့တွင် အများပြည်သူ ခရီးသွားလာရေးနှင့်ကုန်စည်စီးဆင်းမှုများအခက်ခဲများစွာဖြင့် စျေးနှုံးကြီးမားပြီး ဖြတ်သန်း လုပ်ကိုင်နေရတာကြောင့် မီးရထားများပြန်ပြေးဆွဲလာပါက ပြည်သူများအတွက် များစွာ အထောက်အကူပြုပေးမည်ဖြစ်သည်၊၊



