လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိထားသူများအနေဖြင့် လယ်ယာမြေဥပဒေ ပုဒ်မ (၁၂) နှင့် (၁၃) ပါ ပြဋ္ဌာန်းချက်များအတိုင်း တိကျစွာလိုက်နာရမည်ဖြစ်ပြီး လယ်ယာမြေကို စိုက်ပျိုးရေးအတွက်သာ အသုံးပြုကာ သက်ဆိုင်ရာမြေခွန်များကို ပေးဆောင်ရမည်ဖြစ်သည်။ လယ်ယာမြေလုပ်ပိုင်ခွင့်အား ရောင်းချခြင်း၊ ပေါင်နှံခြင်း သို့မဟုတ် အမွေဆက်ခံခြင်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော အခွန်အခများပေးဆောင်၍ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး၊ ပေါင်နှံလိုပါကလည်း စိုက်ပျိုးထုတ်လုပ်မှုအတွက်သာ အစိုးရအသိအမှတ်ပြုဘဏ်များတွင် ပေါင်နှံခွင့်ရှိသည်။ ထို့ပြင် ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေကို အခြားနည်းအသုံးပြုခြင်း၊ သီးနှံပြောင်းလဲစိုက်ပျိုးခြင်းနှင့် အကြောင်းမဲ့ မြေလှပ်ထားခြင်းများကို ခွင့်မပြုသည့်အပြင် အငြင်းပွားမှုရှိနေစဉ်အတွင်း လွှဲပြောင်းရောင်းချခြင်းများ မပြုလုပ်ရန်နှင့် သက်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၏ ညွှန်ကြားချက်များကို လိုက်နာရန် ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) ရရှိထားသူများ လိုက်နာရမည့် ဥပဒေပြဋ္ဌာန်းချက်နှင့် စည်းကမ်းချက်များ ထုတ်ပြန်
Apr 21 • 4:21 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


