မြစ်ကြီးနားမြို့၊ မြေမြင့်ဘုန်းကြီးကျောင်းအနီးတွင် သေနတ်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး သေဆုံး

Apr 20 • 4:53 PM

breaking-news

မြန်မာ

ကချင်

cover

မြစ်ကြီးနားမြို့၊ မြေမြင့်ဘုန်းကြီးကျောင်းအနီးတွင် သေနတ်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက် နယ်မြေ (၁၀)၊ မြေမြင့်ဘုန်းကြီးကျောင်းအနီးတွင် ယမန်နေ့ည ၈ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် လမ်းဘေးတ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက် နယ်မြေ (၁၀)၊ မြေမြင့်ဘုန်းကြီးကျောင်းအနီးတွင် ယမန်နေ့ည ၈ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် လမ်းဘေးတွင် သေဆုံးခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။မြေမြင့်ဘုန်းကြီးကျောင်းအနောက်ဘက် လမ်းဘေးတွင် အမည်မသိ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆက်သွယ်အကြောင်းကြားခဲ့ရာ လူမှုကူညီရေးအသင်းနှင့် တာဝန်ရှိသူများ ရောက်ရှိလာပြီး သေဆုံးသူ အမျိုးသားရုပ်အလောင်းအား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။သေဆုံးသူအမျိုးသားတွင် ဦးခေါင်းသေနတ်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးလျက်ရှိပြီး မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းအတည်မပြုနိုင်သေးဘဲ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။



news-view-count-icon

13