မြန်မာနိုင်ငံအတွင်း ဧပြီလ ၁၉ ရက်မှ မေလ ၃၁ ရက်အထိ အရေးပေါ်အပူလှိုင်းသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။ဧပြီလ ၁၉ မှ မေ ၃၁ ရက်အထိကာလတွင် နံနက် ၁၀ နာရီမှ နေ့လည် ၃ နာရီအတွင်း အပြင်ထွက်ခြင်း မလုပ်ရန် နှင့် အကာအကွယ်မရှိသောနေရာများ၌ မနေရန် သတိပေးထားသည်။အလွန်မြင့်မားသောအပူချိန်များ ဖြစ်ပေါ်ပြီး အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်မှ ၅၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားသည်။



