ကချင်ပြည်နယ်၌ ယမန်နေ့ညနေ ၆ နာရီခွဲဝန်းကျင် ချီဖွေမြို့မှ ပန်ဝါမရောက်ခင် လုပြည်ရွာနားက မြေရှားကုမ္ပဏီတစ်ခုမြေပြိုမှုဖြစ်တာလို့ ဆိုပါတယ်။ “ချီဖွေ–ပန်ဝါကားလမ်းမဘေးမှာပဲ မြေရှားလုပ်ကွက်တောင်ပြိုလာတာဟုတ်တယ်။ သူတို့ ရေအရမ်းများထည့်လိုက်လို့ထင်တယ်။ အလုပ်သမားတစ်ဦး ပါသွားတယ်”လို့ပန်ဝါရှိ မြေရှားလုပ်သားတစ်ဦးက ပြောပါတယ်။မြေပြိုမှုထဲမှာ မြေရှားလုပ်သားတစ်ဦး အသက်သေဆုံးသွားပြီး အခြားထိခိုက်တာတွေတော့ မရှိဘူးလို့ သိရပါတယ်။လက်ရှိ လုပ်ကွက် မြေပြိုမှုဖြစ်ပွားတဲ့ နေရာက ချီဖွေ – ပန်ဝါကားလမ်းမ အပေါ်ဘက်ကပ်ရပ်မှာဖြစ်ပြီး အထက်ကနေ ပြိုကျလာတဲ့ နွံတွေ လမ်းမကြီးမှာ ပိတ်နေတယ်လို့ ဆက်လက်သိရပါတယ်။



