မန္တလေးမြို့ မဟာသင်္ကြန်အတက်နေ့တွင် K-Pop အဖွဲ့၏ ဖျော်ဖြေမှုနှင့်အတူ မြို့လုံးကျွတ် အထူးစည်ကား

Apr 17 • 6:46 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့ မဟာသင်္ကြန်အတက်နေ့တွင် K-Pop အဖွဲ့၏ ဖျော်ဖြေမှုနှင့်အတူ မြို့လုံးကျွတ် အထူးစည်ကား

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့) တွင် မန္တလေးမြို့၏ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်မှာ မြို့လုံးကျွတ်အနှံ့ လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားလျက်ရှ...

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့) တွင် မန္တလေးမြို့၏ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်မှာ မြို့လုံးကျွတ်အနှံ့ လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် ကျုံးအရှေ့ဘက်နှင့် တောင်ဘက်တို့၌ လမ်းလျှောက်သင်္ကြန်များကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ထားရာ လူထုပူးပေါင်းပါဝင်မှု မြင့်မားခဲ့ပြီး၊ မြို့တော်ဝန်မဏ္ဍပ်တွင် K-Pop အဖွဲ့၏ ဖျော်ဖြေမှုကြောင့် လာရောက်ကြည့်ရှုသူများဖြင့် ပိုမိုစည်ကားခဲ့သည်။ ထို့ပြင် မြို့မတူရိယာအသင်း၏ ငွေငန်းအလှပြယာဉ်ဖြင့် ဖျော်ဖြေမှု၊ ရှေးဘုရင်ခေတ် ဝတ်စားဆင်ယင်မှုနှင့် သနပ်ခါးယဉ်ကျေးမှု ပြကွက်များကလည်း ပွဲတော်ကို ပိုမိုတင့်တယ်စေခဲ့သည်။မြို့တွင်းရေကစားမှုများအပြင် မြို့တော်ဥယျာဉ်၊ Water Park နှင့် မန်းချောင်းသာ အပန်းဖြေစခန်းတို့တွင်လည်း အပန်းဖြေသူများဖြင့် ပြည့်နှက်နေခဲ့သည်။ တစ်ဖက်တွင်လည်း မဟာမုနိဘုရားကြီးနှင့် ရပ်ကွက်ဓမ္မာရုံများ၌ သီလဆောက်တည်သူများနှင့် ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိပြီး၊ မဏ္ဍပ်ကြီးများတွင်လည်း စတုဒိသာ ကျွေးမွေးလှူဒါန်းမှုများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ရှိနေကြောင်း သိရှိရပါသည်။

news-view-count-icon

17