ပခုက္ကူ၌ သင်္ကြန်ပွဲတော်အကြတ်နေ့ ရေကစားသူများ စည်ကား

Apr 15 • 8:31 AM

breaking-news

မြန်မာ

မန္တလေး

cover

ပခုက္ကူ၌ သင်္ကြန်ပွဲတော်အကြတ်နေ့ ရေကစားသူများ စည်ကား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှာ ဧပြီ၁၅ရက် သင်္ကြန်ပွဲတော်အကြတ်နေ့မနက်ပိုင်းမှာ လမ်းလျှောက်ရေ ကစားသူတွေ၊ စတုဒိသာဧည့်ခံကျွေးမွေးသူတွေနဲ့ စည်ကားနေတယ်လို့ သိရပါ...

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှာ ဧပြီ၁၅ရက် သင်္ကြန်ပွဲတော်အကြတ်နေ့မနက်ပိုင်းမှာ လမ်းလျှောက်ရေ ကစားသူတွေ၊ စတုဒိသာဧည့်ခံကျွေးမွေးသူတွေနဲ့ စည်ကားနေတယ်လို့ သိရပါတယ်။ ပခုက္ကူမြို့မှာ ဗဟိုသင်္ကြန် မဏ္ဍပ်ကြီးအပါအဝင် ရေကစားမဏ္ဍပ်တွေ၊ ဖျော်ဖြေရေးမဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွေရှိပြီး ရေကစားမဏ္ဍပ်တွေမှာ လာရောက်ရေကစားသူများပြားတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ဗဟိုမဏ္ဍပ်နဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေမှာ ဌာနဆိုင်ရာတွေ၊ ကျောင်းတွေနဲ့ ရပ်ကွက်တွေအလိုက် ယိမ်းအဖွဲ့ တွေက သင်္ကြန်တေးသီချင်းအကအလှတွေနဲ့ အလှည့်ကျကပြဖျော်ဖြေကြပြီး ဖျော်ဖြေရေးအဖွဲ့တွေကလည်း တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေကြပါတယ်။





news-view-count-icon

14