မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့ (ဧပြီ ၁၄ ရက်)၌ ပဲခူးတိုင်း၊ တောင်ငူမြို့ ဗဟိုမဏ္ဍပ်ကြီးနှင့် လမ့းလျှောက်သင်္ကြန်တို့တွင် တေးဂီတဖျော်ဖြေရေးနှင့်အတူ သင်္ကြန်ရေဆော့ကစား လည်ပတ်ကြသူများပြားခဲ့ကြောင်းသိရသည်။ ယခုနှစ်တောင်ငူ သင်္ကြန်တွင် သင်္ကြန် အကြိုနေ့မှ စတင်၍ ရေဆော့ကစား လည်ပတ်ကြသူ ယမန်နှစ်များထက်ပိုများလာခဲ့ပြီး ဆိုင်ကယ်၊ သုံးဘီးယာဉ်၊ မော်တော်ယာဉ်များဖြင့် လည်ပတ်ကြသူများပြားကြောင်း သိရသည်။ ထို့အပြင် သင်္ကြန်ရေပက်ခြင်းနှင့်အတူ လူငယ်များစုပေါင်း၍ သင်္ကြန်လည်ပတ်ကြသူများအား သနပ်ခါးလူးပေးသည့် သနပ်ခါးသင်္ကြန်ကိုလည်း ပိုမိုကျင်းပလာကြကြောင်း သိရသည်။
ပဲခူးတိုင်း၊ တောင်ငူမြို့ ဗဟိုမဏ္ဍပ်ကြီးနှင့် လမ်းလျှောက်သင်္ကြန် ဆင်နွှဲနေ
Apr 14 • 6:14 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 13 | 0 | 0 | 0 |


