မွန်ပြည်နယ်၊ သထုံခရိုင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအား ယမန်နေ့ ဧပြီလ (၁၃) ရက်နေ့၊ (မဟာသင်္ကြန်အကြိုနေ့) ညနေ (၅) နာရီအချိန်က သထုံမြို့ ရွှေစာရီစေတီတော်အနီးရှိ ဗဟိုမဏ္ဍပ်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုသထုံခရိုင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် ယိမ်းအဖွဲ့များ ကပြဖျော်ဖြခြင်း၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြခြင်းများ လုပ်ဆောင်ခဲ့ကြပြီး ညပိုင်းအချိန်ထိ ရေပတ်ကစားခဲ့ကြကြောင်း သိရသည်။
သထုံခရိုင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ
Apr 14 • 3:08 AM
မြန်မာ
မွန်
မျှဝေမည်
| 8 | 0 | 0 | 0 |


