ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ ပွဲဈေးတန်းများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သီပေါဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ယခုနှစ်ပွဲတော်တွင် ရပ်ကွက်အလိုက် စုပေါင်းပါဝင်သည့် လမ်းလျှောက်သင်္ကြန် အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး အများပြည်သူ အဆင်ပြေစေရန်အတွက် ဈေးဆိုင်ခန်းများနှင့် ပွဲဈေးတန်းများကိုလည်း ထည့်သွင်းစီစဉ်ထားကြောင်း သိရသည်။ သီပေါသင်္ကြန် မှာ အခမဲ့ ပျော်ရွှင်စေမည့် ပွဲတော်မျိုး ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် သင်္ကြန်ကို စည်ကားစွာ ကျင်းပမည်
Apr 13 • 3:51 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 16 | 0 | 0 | 0 |


