ရှမ်းမြောက်မှာ ခရီးသည်တင်ကားနှစ်စီးတိမ်းမှောက်လို့ ကိုးယောက်သေပြီး ၂၀ ကျော်ဒဏ်ရာရ

Apr 13 • 1:43 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းမြောက်မှာ ခရီးသည်တင်ကားနှစ်စီးတိမ်းမှောက်လို့ ကိုးယောက်သေပြီး ၂၀ ကျော်ဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုးမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ ဧပြီလ ၁၂ ရက် မနေ့က တရက်တည်း ခရီးသည်တင်ကားနှစ်စီးတိမ်းမှောက်ပြီး ကိုးယောက်သေဆုံးကာ ထိခိုက်ဒ...

ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုးမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ ဧပြီလ ၁၂ ရက် မနေ့က တရက်တည်း ခရီးသည်တင်ကားနှစ်စီးတိမ်းမှောက်ပြီး ကိုးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၂၀ အထိကျော်ရှိခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ ဧပြီ ၁၁ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်မှာ ကွတ်ခိုင်မြို့နယ် ၊ နမ့်ဖတ်ကာအလွန် ပန်ဂျရော့ပ်ရွာအဆင်းမှာ ခရီးသည်တင်ကားတစီး ဘရိတ်ပေါက်ပြီး တိမ်းမှောက်ကာ ကားပေါ်ပါသူတွေထဲက ငါးယောက်သေဆုံးပြီး ၁၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင်ကားဟာ မန္တလေးကနေ မူဆယ်ကိုပြေးဆွဲတဲ့ ခရီးသည်တင်ကားဖြစ်တယ်လို့ သိရပါတယ်။ အလားတူ မနေ့က ၁၁ ရက်နေ့၊ နေ့လယ် ၂နာရီလောက်က လားရှိုးမြို့နယ်၊ ခေးနင်းရွာမှာ ခရီးသည်တင်ကား တိမ်းမှောက်ပြီး ကားပေါ်ပါသူတွေထဲက လေးယောက်သေဆုံးကာ ရှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တိမ်းမှောက်ခဲ့တဲ့ကားကတော့ လားရှိုး - မန္တလေးပြေးဆွဲတဲ့ ရွှေတောင်တန်းခရီးသည်တင်ကားဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

11