ရှမ်းပြည်နယ်၊ကျိုင်းတုံ၌ ရှမ်းသင်္ကြန်ရိုးရာ စည်တော်ပို့ပွဲ အခမ်းအနား အကျနေ့တွင် ကျင်းပမည်

Apr 12 • 8:49 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊ကျိုင်းတုံ၌ ရှမ်းသင်္ကြန်ရိုးရာ စည်တော်ပို့ပွဲ အခမ်းအနား အကျနေ့တွင် ကျင်းပမည်

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် နှစ်စဥ်ကျင်းပမြဲ ရှမ်းရိုးရာသင်္ကြန် စည်တော်ပို့ပွဲကို သင်္ကြန်အကျနေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။သတ်မှတ်ထားသ...

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် နှစ်စဥ်ကျင်းပမြဲ ရှမ်းရိုးရာသင်္ကြန် စည်တော်ပို့ပွဲကို သင်္ကြန်အကျနေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။သတ်မှတ်ထားသော အစီအစဉ်အရ ဧပြီ ၁၃ ရက်တွင် စည်တော်တင် အခမ်းအနား ပြုလုပ်မည်ဖြစ်ပြီး ဧပြီ ၁၄ ရက်တွင် စည်တော်နှင့် သင်္ကြန်မင်းပို့ အခမ်းအနားများ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။ယင်းပွဲတော်ကို လွန်ခဲ့သည့် အေဒီ ၁၄၁၀ ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပြီး ယခုနှစ်ဆိုလျင် နှစ်စဥ်ကျင်းပလာသည်မှာ နှစ်ပေါင်း ၆၁၅ နှစ်ဆက်တိုက် ရှိပြီဖြစ်ကြောင်း သိရသည်။

news-view-count-icon

10