ကရင်ပြည်နယ်၊ မြဝတီဒေသမှာ ကျားဖြန့်မြို့တော်လို့နာမည်ဆိုးနဲ့ လူသိများတဲ့ ရွှေကုက္ကိုမြို့ကနေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက် ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား ၂၀ ဦး ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။ ဧပြီလ ၁၁ ရက် မနက်ပိုင်းက မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့ကနေ သောင်ရင်းမြစ်ဖြတ်ကူးပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာ အုပ်စု၊ ဝမ်ကဲ့ယောက်ကျေးရွာဘက်ကို ခိုးဝင်လာချိန်မှာ ထိုင်းစစ်တပ်နဲ့ တွေ့ရှိပြီး ဖမ်းဆီးခံခဲ့ရတာပါ။ထိုင်းစစ်တပ်က ဖမ်းဆီးရမိသူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ မဲဆောက်ရဲစခန်းကို လွှဲပြောင်းပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ရွှေကုက္ကိုမြို့ကနေ သောင်ရင်းမြစ်ဖြတ်ကူးပြီး မဲဆောက်ဘက် ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား ၂၀ ဦး ဖမ်းဆီးခံရ
Apr 12 • 7:07 AM
မြန်မာ
ကရင်
မျှဝေမည်
| 26 | 0 | 0 | 0 |


