ရန်ကုန်၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အကြို အတာသင်္ကြန်ကျင်းပ

Apr 12 • 2:48 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အကြို အတာသင်္ကြန်ကျင်းပ

မြန်မာ့ရိုးရာနှစ်သစ်ကူး အကြိုအတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၁ ရက်က ရန်ကုန်မြို့ရှိ စိမ်းလန်းစိုပြေဂါးဒင်းမှာ ကျင်းပခဲ့ပါတယ်။ ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်...

မြန်မာ့ရိုးရာနှစ်သစ်ကူး အကြိုအတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၁ ရက်က ရန်ကုန်မြို့ရှိ စိမ်းလန်းစိုပြေဂါးဒင်းမှာ ကျင်းပခဲ့ပါတယ်။ ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ စိမ်းလန်းစိုပြေ ဂါးဒင်းတို့ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။ပွဲတော်မှာ သင်္ကြန်ယိမ်းအကအလှ၊ အမေများအဖွဲ့ရဲ့ အကအလှတွေနဲ့ဖျော်ဖြေခဲ့သလို အနုပညာရှင်တွေကလည်း သင်္ကြန်တေးသီချင်းတွေနဲ့ဖျော်ဖြေခဲ့ကြရာ တက်ရောက်လာတဲ့ အနုပညာရှင်တွေ၊ ပရိတ်သတ်တွေက အတူတကွ ဝင်ရောက်ကပြ ဖျော်ဖြေခဲ့ကြပါတယ်။လာရောက်ကြည့်ရှုသူတွေကို မုန့်လုံး ရေပေါ်၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ လက်ဖက်၊ မုန့်ဟင်းခါး ၊ ကြာဆံချက်၊ မုန့်လင်မယား၊ ရေမုန့်၊ ပေါင်မုန့်နဲ့ သောက်ရေသန့်စတာတွေကို စတုဒိသာ ကျွေးမွေးခဲ့ပါတယ်။ ဒါ့အပြင် ပွဲတော်ကို လာရောက်သူတွေအတွက် ကိုယ်တိုင် သနပ်ခါး လိမ်းခြယ်လို့ရတဲ့ ကျောက်ပြင်နဲ့အတူ သနပ်ခါးတုံးတွေထားရှိပေးထားပြီး ရေဆော့ကစားဖို့ ရေထည့်ထားတဲ့ လှေလေးတွေလည်း ထားရှိပေးထားပါတယ်။

news-view-count-icon

16