ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ ရပ်ကွက်(၂)မြို့သစ်တွင် ယမန်နေ့ဧပြီလ (၉)ရက် နံနက် (၁၀)နာရီကျော်မှာ မီးလောင်မှု ဖြစ်ပွားကာ ကားတစ်စီးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။"မီးလောင်တာ (၂)အိမ်မြောက်လောင်နေတဲ့ချိန် မီးငြိမ်းနိုင်သွားတယ်၊ လူထိခိုက်သေဆုံးတော့ မရှိဘူး။ ကားတစ်စီးလည်း မီးလောက်တဲ့ထဲပါသွားတယ်" ဟု ဒေသခံတစ်ဦးကဆိုသည်။မီးဖိုတွင် မီးမွေးရင်း စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ဆုံးရှုံးခဲ့သည့် မိသားစုအတွက် စိတ်မကောင်း ဖြစ်ကြောင်း အဆိုပါဒေသခံက ဆိုသည်။မီးလောင်သည့်နေရာတွင် မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ပြီး နံနက်ပိုင်း(၁၁)နာရီကျော်အချိန်၌ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ပင်လုံမြို့သစ်တွင် မီးလောင်မှု ဖြစ်ပွားပြီး Hijet ကားတစ်စီးမီးလောင်သည့်ထဲပါသွား
Apr 10 • 3:54 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 13 | 0 | 0 | 0 |


