မနောမြေမှတေးသံသာသီချင်းသီဆိုသူ နိုင်ငံကျော်တေးသံရှင် ဂျက်ဆန်ထွန်း ကွယ်လွန်

Apr 10 • 1:16 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မနောမြေမှတေးသံသာသီချင်းသီဆိုသူ နိုင်ငံကျော်တေးသံရှင် ဂျက်ဆန်ထွန်း ကွယ်လွန်

မနောမြေမှတေးသံသာ တေးသီချင်းဖြင့် ပရိတ်သတ်အခိုင်အမာရရှိထားတဲ့ နိုင်ငံကျော်တေးသံရှင် ဂျက်ဆန်ထွန်း (Lahtaw Zau Lum) ဟာ ယမန်နေ့ ဧပြီလ ၉ ရက်နေ့မှာ ကွယ်လွန်သွားပြီလို...

မနောမြေမှတေးသံသာ တေးသီချင်းဖြင့် ပရိတ်သတ်အခိုင်အမာရရှိထားတဲ့ နိုင်ငံကျော်တေးသံရှင် ဂျက်ဆန်ထွန်း (Lahtaw Zau Lum) ဟာ ယမန်နေ့ ဧပြီလ ၉ ရက်နေ့မှာ ကွယ်လွန်သွားပြီလို့သိရပါတယ်။တေးသံရှင် ဂျက်ဆန်ထွန်းဟာ ပြီးခဲ့တဲ့အပတ်က ဦးနှောက်သွေးကြောထိပြီး တစ်ပတ်ခန့်အကြာ တရုတ်နိုင်ငံမှာ ဆေးကုသခံယူနေရင်း ကွယ်လွန်သွားတာဖြစ်တယ်လို့ ကချင်အနုပညာရှင်အသိုင်းအဝိုင်းကတဆင့်သိရပါတယ်။ကချင်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဂျက်ဆန်ထွန်းကို ကချင်ပြည်သူကြားမှာ Lahtaw Zau Lum ဆိုပြီး သိကြသလို မြန်မာပရိသတ်ကြား ဂျက်ဆန်ထွန်းဆိုပြီး သိကြပါတယ်။အခုလို ကချင်အနုပညာရှင်တစ်ဦး ကွယ်လွန်သွားတဲ့အပေါ် ကချင်အနုပညာရှင်များနဲ့ ပြည်သူများကြားမှာ ဝမ်းနည်းပူးဆွေးရကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွေမှာ ရေးသားဖော်ပြနေကြတာလည်းတွေ့ရပါတယ်။

news-view-count-icon

29