ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၌ စက်လှေများအဓိကအသုံးပြုသည့် ဒီဇယ်ဆီများ ဝယ်ယူရန်ခက်ခဲနေပြီး ဓာတ်ဆီနှင့်ဒီဇယ် ပြင်ပပေါက်ဈေး ၁ လီတာ ၁၂,၀၀၀မှ ၁၅,၀၀၀ အထိရှိနေသဖြင့် ဒေသခံငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ၊ စက်လှေပြေးဆွဲသူများ အခက်အခဲကြုံတွေ့နေရသည်။အင်းလေးဒေသတွင် တစ်ချို့ရွာများတွင် ငါးဖမ်းပြီး အသက်မွေးဝမ်းကြောင်းပြုသည့် ရွာကသပ်သပ်ရှိနေသလို တစ်ချို့ကလည်း လယ်စိုက်ပျိုးခြင်း၊ တစ်ခြားစီးပွားရေးလုပ်တဲ့သူတွေလည်းရှိကြောင်း ယခုနှစ်တွင ရေပေါ်သင်္ကြန်ကျင်းပမည်ဖြစ်သော်လည်း ဆီအခက်အခဲကြောင့် ခရီးသည်များမလာမည်ကို ဒေသခံများဆိုးရိမ်နေကြသည်။ဆီဈေးနှုန်းကြီးမြင့်မှုကြောင့် ခရီးသွားလုပ်ငန်းများ ထိခိုက်နေသည့်အပြင် လာမည့် ရေပေါ်သင်္ကြန်ပွဲတော်တွင်လည်း ဧည့်သည်လာရောက်မှု နည်းပါးနိုင်သဖြင့် ဒေသတွင်းခရီးသွားလာရေးလုပ်ငန်းများထိခိုက်လာနိုင်ကြောင်း သိရသည်။



