ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်တံတားပေါ်မှာ ဧပြီ ၈ ရက် ညနေက အိမ်စီးကား ၁ စီး အရှိန်လွန် တိမ်းမှောက်ကာ မီးလောင်မူဖြစ်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။အဲဒီယာဥ်တိမ်းမှောက် မီးလောင်မှုဖြစ်ပွားတာကို တာမွေမြို့နယ်နဲ့ စမ်းချောင်းမြို့နယ်မီးသတ်စခန်းတို့က မီးသတ်ယာဉ်တွေ သွားရောက် ငြိမ်းသတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ရွှေဂုံတိုင်တံတားအလယ်လောက်မှာ အိမ်စီးကားက တခြားကားတွေကိုပါ တိုက်မိပြီး တိမ်းမှောက်တာလို့ ကိုယ်တိုင်တွေ့မြင်ခဲ့သူတယောက်က ပြောပါတယ်။ရန်ကုန်မြို့မှာ ယာဥ်မတော်တဆမှုတွေ ဖြစ်လာတာနဲ့ပတ်သက်လို့ စုံ/မစနစ် ပြောင်းပြီးနောက်ပိုင်း ကားလမ်းတွေ ရှင်းနေတဲ့အတွက် မဆင်မခြင်မောင်းတာကနေ ယာဥ်တိုက်မှုတွေ ပိုတွေ့လာရတယ်လို့ ယာဥ်မောင်းအချို့က ပြောပါတယ်။
ရန်ကုန်တိုင်း၊ရွှေဂုံတိုင်တံတားပေါ်တွင် အိမ်စီးကားတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်
Apr 09 • 1:15 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 14 | 0 | 0 | 0 |


