မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမှတ် (၈) ရပ်ကွက်ရှိ “မေ” စိန်ရွှေရတနာဆိုင်တွင် ယနေ့ ဧပြီလ ၇ ရက် မွန်းလွဲပိုင်းက လက်နက်ကိုင်ဆောင်ထားသူနှစ်ဦး ဝင်ရောက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဆိုင်ပိုင်ရှင်၏ CCTV မှတ်တမ်းအရသိရသည်။ ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ၊ နေ့လယ် ၁၁ နာရီ ၃၅ မိနစ် အချိန်တွင် အမျိုးသားနှစ်ဦးသည် မေ စိန်ရွှေရတနာဆိုင်အတွင်းသို့ လုံခြုံရေးများကို သေနတ်ဖြင့် ထောက်ကာ ဝင်ရောက်လာပြီး ရတနာပစ္စည်းများကို ယူသွားခြင်းဖြစ်သည်။ အဆိုပါ ဓားပြတိုက်မှုအတွင်း ကျူးလွန်သူနှစ်ဦးအနက် တစ်ဦးကို အခင်းဖြစ်ပွားရာနေရာအနီးတွင် ဖမ်းဆီးရမိခဲ့သော်လည်း သေနတ်ကိုင်ဆောင်ထားသည့် အခြားတစ်ဦးမှာ ရတနာပစ္စည်းထုပ်နှင့် ဆိုင်ကယ် မောင်းထွက်ပြေးသွားသည်။ ဓားပြတိုက်ခံရသည့် မေ” စိန်ဆိုင်သည် ပြင်ဦးလွင်မြို့လယ်လူစည်ကားရာနေရာတွင်ရှိပြီး ဖမ်းဆီးရမိထားသူအား အာဏာပိုင်များက စစ်ဆေးမေးမြန်းလျက်ရှိကြောင်း ကာ ဓားပြတိုက်ခံရမှုအတွင်း ပါသွားသည့် ပစ္စည်းတန်ဖိုး ပမာဏနှင့် အသေးစိတ် ကို မသိရှိရသေးပေ။
ပြင်ဦးလွင် "မေ" စိန်ဆိုင် ဓားပြတိုက်ခံရ၊ တစ်ဦးဖမ်းမိပြီး သေနတ်ကိုင်ဆောင်သူ လွတ်မြောက်နေ
Apr 08 • 1:29 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 11 | 0 | 0 | 0 |


