မိုးညှင်းမြို့မဈေးအနီး၌ စည်ပင်သာယာရေးအဖွဲ့ ဦးစီးသည့် ရေကစားမဏ္ဍပ် တည်ဆောက်မည်

Apr 07 • 4:13 AM

breaking-news

မြန်မာ

ကချင်

cover

မိုးညှင်းမြို့မဈေးအနီး၌ စည်ပင်သာယာရေးအဖွဲ့ ဦးစီးသည့် ရေကစားမဏ္ဍပ် တည်ဆောက်မည်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီး၍ ၂၀၂၆ ခုနှစ် အတာသင်္ကြန်ပွဲတော်ကို မြို့မဈေးကြီးအနီး၌ ရေကစားမဏ္ဍပ်တစ်ခု တည်ဆောက်ကာ စည်ကားသိုက်မြိုက်စ...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီး၍ ၂၀၂၆ ခုနှစ် အတာသင်္ကြန်ပွဲတော်ကို မြို့မဈေးကြီးအနီး၌ ရေကစားမဏ္ဍပ်တစ်ခု တည်ဆောက်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ဒေသခံပြည်သူများအနေဖြင့် မြို့ပြင်သို့ သွားလာရန်မလိုဘဲ အကုန်အကျသက်သာစွာဖြင့် ပျော်ရွှင်နိုင်စေရန် ရည်ရွယ်ကာ မြို့တွင်း၌ ကျင်းပခြင်းဖြစ်ပြီး၊ အဆိုပါမဏ္ဍပ်ဖြစ်မြောက်ရေးအတွက် မြို့ခံလုပ်ငန်းရှင်များက လိုအပ်သည့် ဆီပေပါခွံနှင့် သစ်သားများ၊ စက်သုံးဆီဆိုင်များက မီးစက်နှင့် ရေပန့်အတွက် လောင်စာဆီများကို ဝိုင်းဝန်းပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။ ထို့ပြင် မြို့မဈေးအတွင်းရှိ ဈေးသူဈေးသားများကလည်း ပွဲတော်လာပြည်သူများကို စတုဒိသာများဖြင့် ကုသိုလ်ယူကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

20